ရှမ်ပြည်နယ်(အရှေ့ပိုင်း)၏ ဂေါ်ဖီထုပ်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် ဂေါ်ဖီထုပ်သီးနှံကို ကျိုင်းတုံမြို့၊ လွယ်မွေအုပ်စုကျေးရွာများတွင် မိုးစပါးရိတ်သိမ်းပြီးချိန်၌ လစ်လပ်လျက်ရှိသော လယ်ယာမြေများပေါ်တွင် သီးထပ်သီး ညှပ်အဖြစ် ဆောင်းရာသီ၌သာ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ ကျန်ရာသီများတွင် စိုက်ပျိုးထွက်ရှိမှုနည်းပါးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးဘက်မှဝင်ရောက်လာသော ဂေါ်ဖီထုပ်များလည်း  ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံသို့ တစ်ပတ်လျှင် ဂေါ်ဖီထုပ် ကားနှစ်စီးခန့်ဝင်ရောက်လျက်ရှိပါသည်။ အောင်ပန်းမှလာသော ဂေါ်ဖီထုပ်များသည် ဈေးနှုန်းသက်သာသည့်အတွက် ဝယ်ယူစားသုံးမှုများပြီး  အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပါသည်။ အောင်ပန်းမှလာသော ဂေါ်ဖီထုပ်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ်ကြီးတစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ ဂေါ်ဖီထုပ်အသေးတစ်ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ကျိုင်းတုံဒေသထွက် ဂေါ်ဖီထုပ်ကြီးတစ်ထုပ်လျှင် (၃၀၀၀)ကျပ်ခန့်၊ ဂေါ်ဖီထုပ်သေးတစ်ထုပ်ှင် (၂၀၀၀)ကျပ်ခန့်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)