လတ်တလော တောင်ကြီးမြို့နယ်အတွင်းရှိ ရာသီစာသီးနှံတည်သီးများ အရောင်းအဝယ် ဖြစ်နေသော တိုးမြင့်လာသည့်ဈေးကွက်အခြေအနေ

Powered by Drupal

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့အတွင်းရှိ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်၊ အမှတ် (၅)ဈေးအနီးမှ ရာသီစာသီးနှံဖြစ်သော တည်သီးကို ဒေသထွက်ရာသီစာသီးနှံအဖြစ်ရောင်းချသူ ပြည်သူထံမှ လတ်တလော မိုးရွာသွန်းမှုနှင့်မိုးကြီးမှုအခြေအနေများကြောင့် အသီးများကို ထပ်မံခူးဆွတ်နိုင်ခြင်းမရှိသေးသော်လည်း ဈေးကွက်အတွင်းရောင်းချရန် သင့်လျော်သောအခြေအနေရှိသည့် အသီးများမှာ စားသုံးသူပြည်သူများ ဝယ်ယူမှုတိုးမြင့်လျက်ရှိကြောင်းသိရှိရပါသည်။

        တည်သီးကို တောင်ကြီးမြို့နှင့် ဟိုပုံးမြို့၊ ကလောမြို့များအနီးတွင် စိုက်ပျိုးဖြစ်ထွန်းပြီး တချို့ အလေ့ကျပေါက်သော အပင်များလည်းရှိသည်။ တည်သီးမျိုးကွဲများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် တွေ့ရသော အမျိုးအစားမှာ ‘ဒိုင်အော့စပိရော့လိုတပ်’ (Diospyros Iotus) မျိုးဖြစ်ပြီး အီတလီနိုင်ငံနှင့် အရှေ့တိုင်းနိုင်ငံများတွင် စိုက်ပျိုးဖြစ်ထွန်းသောမျိုးများဖြစ်သည်။ လတ်တလော ဈေးကွက်အတွင်းရောင်းချရန် သင့်လျော်သော အခြေအနေရှိသည့် အသီးများမှာ စားသုံးသူပြည်သူများ ဝယ်ယူမှုတိုးမြင့်လျက်ရှိကြောင်းသိရှိရပါသည်။

        တည်သီးကို တောင်ကြီးမြို့နှင့် ဟိုပုံးမြို့၊ ကလောမြို့အနီး စိုက်ပျိုးဖြစ်ထွန်းပြီး အချို့အလေ့ကျပေါက်သော အပင်များလည်းရှိသည်။ တည်သီးကို ရာသီပေါ် ဒေသထွက်သီးနှံအဖြစ် စားသုံးကြသည့်အပြင် ကျန်းမာရေးဓာတ်စာအဖြစ်လည်း မှီဝဲကြသည်။ ယခုလတ်တလောဈေးကွက်၌ ရာသီစာသီးနှံ တည်သီးများကို အကြီး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၁၀)လုံးလျှင် (၃၀၀၀) ကျပ်၊ တည်သီးအသေး(၁)လုံးလျှင် (၂၅၀)ကျပ်၊ (၁၀)လုံးလျှင် (၂၅၀၀) ကျပ်အထိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)