မအူပင်မြို့၊ အ.ထ.က ၁ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောမုန့်များ ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊  အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) ၌ (၂၇-၉-၂၀၂၄)  ရက်‌နေ့၊ နံနက် ၀၈း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန်မသင့်သည့် အစားအစာများရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်တင်ကြည်၊ ဒု-ဦးစီးမှူးက  ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအစာများကိုရောင်းခြင်းမရှိစေရေး၊ ကျောင်းသား/ ကျောင်းသူများအား အရောင်ဆိုးဆေးပါဝင်သော မုန့်များကိုစားားသောက်ခြင်းမရှိစေရေးအတွက် ဈေးဆိုင်ပိုင်ရှင်တို့အား အသိပညာပေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ပင်ရင်းမုန့်ဆိုင်မှ ချိုချဉ်၊ ဂျယ်လီ၊ အချိုရည်ဘူးများအားစစ်ဆေးခြင်း၊ ထိုသို့ဝယ်ယူခဲ့ကြသော အစားအသောက်များအား စားသုံးရန်သင့်/မသင့် သိရှိနိုင်ရန်အတွက် ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင်မှုရှိသော မုန့်ကိုသာရောင်းချသွားရန် ဆိုင်ရှင်များအားပြောကြားခဲ့ပြီး မအူပင် အ.ထ.က ၁ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော မုန့်များကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)