ဓနုဖြူမြို့ပေါ်ဈေးများတွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

        (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၄၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဓနုဖြူမြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးရာ ဓနုဖြူမြို့နယ်အတွင်းရှိ ကုန်မျိုးစုံအရောင်းစတိုးဆိုင်များ၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) တွင်ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးဆီများမှာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသော ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း၊  ရောနှောဆီများရောင်းချခြင်းရှိ/မရှိုစစ်ဆေးခဲ့ရာ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး ရောနှောဆီများကို ရောင်းချမှုမရှိကြောင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)