စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသည် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ (၃၀-၉-၂၀၂၄) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၅၀)၊ ပထမထပ်၊ သူရ(၄)လမ်း၊ (၉)ရပ်ကွက်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့် Smile May လူသုံးကုန်လုပ်ငန်းနှင့် အမှတ်(၉၆၈) သီလလမ်း၊ (၄)ရပ်ကွက်ရှိ သီသီအောင်အထည်ချုပ်လုပ်ငန်းတို့အား ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်မှူး ဦးလှစိုးအပါအဝင် စသည့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
ထို့ဆောင်ရွက်ရာတွင် အသေးစားကုန်ထုတ်လုပ်ငန်းဖြစ်သော်လည်း လူသုံးကုန်ပစ္စည်းများဖြစ်သည့်အတွက် ဈေးကွက်ဖြန့်ဖြူးရောင်းချရာ၌ စားသုံးကာကွယ်ရေးဥပဒေတွင် ဖော်ပြပါရှိရမည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို တိတိကျကျလိုက်နာဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်း/ဌာနများ၏ထောက်ခံချက်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)