သာကေတမြို့နယ်၊ ယုဇနဆိပ်ကမ်းရှိ Aluminium Scrap UBC ကုန်ပစ္စည်းများတင်ဆောင်နေမှုအား သွားရောက်စစ်ဆေး

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူးတို့ပါဝင်သော အဖွဲ့များသည် ၂-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းအား ပုံမှန်သွားရောက်စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင်  (ရန်ကုန်မှ ကော့သောင်း) သို့ထွက်ခွာမည့် ကမ်းရိုးတန်းသင်္ဘောဖြစ်သော   MV CITEA သင်္ဘောဖြင့်   Aluminium Scrap UBC ကုန်ပစ္စည်းတန်ချိန် (၈၂၅) တန်တင်ဆောင်နေကြောင်းကိုစစ်ဆေးတွေ့ရှိပြီး တရားမဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများကို သိုဝှက်သယ်ဆောင်ခြင်းမရှိကြောင်းနှင့် ယင်းကုန်စည်များမှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)