Myittar Ahlinn Yaung Co., Ltd အား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများပူးပေါင်း၍ ၁-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  အမှတ် (၆၇), နှင်းဆီလမ်းနှင့် ဧရာဝတီလမ်းထောင့်၊ အလုံမြို့နယ်ရှိ Myittar Ahlinn Yaung Co., Ltd မှ  တာဝန်ခံ ဒေါ်ဝေနှင်းလွင်နှင့်တွေ့ဆုံ ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ နှာစေးပျောက်ဈေး၊ အကိုက်ခဲပျောက်ဆေး၊ ဆီးချိုဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး စသည့တို့ကို India နိုင်ငံဆေးကုမ္ပဏီမှ ဝယ်ယူရောင်းချပြီး ကုမ္ပဏီအနေဖြင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်းသိရှိရပြီး ဆေးဝါးများကို သိုလှောင်ထားခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)