![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.4_7.jpg?itok=vq1WEfAp)
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူ ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၂-၁၀-၂၀၂၄ ရက်၊ အင်္ဂါနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က.ခွဲ (၃)ကျောင်းရှိ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းသိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တက်ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက CICCသို့ တိုင်ကြားနိုင်သည့်အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၃၈) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၃၆)ဦး စုစုပေါင်း ဦးရေ(၁၇၄) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)