Main menu

ဘားအံမြို့ရှိ အ.ထ.က.ခွဲ (၃) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူ ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၂-၁၀-၂၀၂၄ ရက်၊ အင်္ဂါနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က.ခွဲ (၃)ကျောင်းရှိ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင်  ဒု-ဦးစီးမှူး ‌ဒေါ်စုနွေးသီရိမောင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းသိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တက်ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက CICCသို့ တိုင်ကြားနိုင်သည့်အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၃၈) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၃၆)ဦး စုစုပေါင်း ဦးရေ(၁၇၄) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)