ဘားအံမြို့ ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ မိုးရာသီ အောက်တိုဘာလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေ‌ပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအနည်းငယ်တက်နေသော်လည်း  ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိသည်။

    ဈေးနှုန်းအနေဖြင့် ခရမ်းသီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၈၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၂၅၀၀) ကျပ်၊ လွှတ်တစ်ပိဿာလျှင်  (၃၀၀၀) ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊   ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲတောင့်ရှည်အစည်းသေး တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (ငရုတ်စိမ်းထောင့်ရှည်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကင်းပွန်းချဥ်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ချဥ်ပေါင်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ တို့ဖြစ် ရောင်းဝယ်အဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

       ကရင်ပြည်နယ်ဒေသအတွင်း ယခုလို ဈေးနှုန်းအနည်းတက်နေရခြင်းမှာ စိုက်ခင်းမှအသီးများ တုံးလာခြင်းနှင့် စရိတ်များလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)