“ ကော့မှူးမြို့နယ်၌ အောက်တိုဘာလ၏ လဆန်းပိုင်းတွင် ဖြစ်ပေါ်နေသော အခြေခံကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား စာရင်းကောက်ယူခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းများစာရင်းအား ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များ၌ အခြေခံစားသောက်ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာအဖွဲ့မှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေး၏ တစ်ဖက်ခြမ်း အမှတ်(၂၂၆)၊  ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးကိုလေးဆန်နှင့် ကုန်ခြောက်တွဲလျက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်၊ ဒေါ်ပေါက် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်သင်းသင်း ရေချိုရေငံငါးအရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီ/ လက်ကားအရောင်းဆိုင်နှင့် ဦးဖိုးထောင် ငါးပိနှင့်ကုန်စိမ်းဆိုင်တို့တွင် လက်ရှိအချိန် အောက်တိုဘာလ၏ လဆန်းပိုင်းတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးနှုန်းအခြေအနေတို့အား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)