မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို၊ ပေါက်၊ ကမ္မ၊ ရေပြာနယ်များမှ ဆောင်းစိုက်ပင်စိုက်ကြက်သွန်နီများ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်အတွင်း ကြက်သွန်နီ စိုက်ပျိုးရာဒေသများသာမက အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်) အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ ယောစ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အလတ်စတစ်ပိဿာလျှင်ကျပ်(၁၆၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၄၀၀)ဖြစ်ပြီး၊ ပုလဲစထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရသည်။
မြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အနိမ့် တစ်ပိဿာ လျှင် ကျပ်(၁၈၀၀)ဈေးတို့ဖြင့်ရောင်းချနေကြောင်း၊ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော နေ့စဉ်ကုန်ချိန်မှာ တစ်နေ့လျှင် ကုန်ချိန်(၅၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည် အောက်ပိုင်းရန်ကုန်နှင့် မော်လမြိုင်မြို့များသို့ တင်ပို့နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)