တောင်ငူမြို့တွင် ဩဇာသီးဈေးအနည်းငယ်တက်

Powered by Drupal

         တောင်ငူမြို့ရှိ သစ်သီးဆိုင်များတွင် ဩဇာသီးများ အဝင်နည်းလာကြောင်းသိရပါသည်။ ဩဇာသီးသည် အပြင်အခွံမာသော်လည်း အတွင်းသားမှာ နူးအိ၍ အရသာလည်းကောင်းသဖြင့် ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြပါသည်။

        ဩဇာသီးတွင် ဗီတာမင် B6, ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်တို့ပါရှိပြီး နှလုံးအားနည်း၍ နှလုံးခုန်မမှန်ခြင်း စသည့်နှလုံးရောဂါဝေဒနာရှင်များအတွက် အထူးစားသုံးသင့်သော အာဟာရဓာတ်စာဖြစ်သည့်အပြင် နှလုံးရောဂါနှင့်ဆက်စပ်၍ လေဖြတ်ခြင်းနှင့် သွေးတိုးရောဂါများကိုလည်း ကာကွယ်ပေးကြောင်းသိရပါသည်။

        ဩဇာသီးအလုံး အသေး/အကြီးပေါ်မူတည်၍ စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်လုံးလျှင် ၃၀၀ကျပ်မှ ၆၀၀ကျပ်အထိရောင်းချခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်လုံးလျှင် ၇၀၀ကျပ်အထိရောင်းချကြောင်း၊ အရသာကောင်းသည့်အပြင် ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်သဖြင့် ရောင်းအားကောင်းကြောင်း သစ်သီးဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)