တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်း ပြန်လည်ကျဆင်း

Powered by Drupal

         တောင်ငူမြို့တွင် စက်တင်ဘာလ လလယ်ပိုင်းတွင် တစ်ပတ်ကျော်ခန့် ရေကြီးနစ်မြှုပ်ဖြစ်ပွားခဲ့မှုကြောင့် သီးနှံများပျက်စီးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် သီးနှံဈေးနှုန်းများမြင့်တက်ခဲ့ရာ ယခုအောက်တိုဘာလဆန်းတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီဖြစ်ပါသည်။

           ခရမ်းချဉ်သီးဈေးနှုန်းမှာ ယခင်စက်တင်ဘာလ လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၅၀၀၀ကျပ်ကျဆင်းလာပါသည်။

            ဂေါ်ဖီဈေးနှုန်းမှာ ယခင်စက်တင်ဘာလ လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၃၅၀၀ကျပ်ကျဆင်းလာပါသည်။

            ခရမ်းသီးဈေးနှုန်းမှာ ယခင်စက်တင်ဘာလ လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၂၀၀၀ကျပ်ကျဆင်းလာကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)