တောင်ငူမြို့တွင် ငါးများ ဈေးကျ

Powered by Drupal

          တောင်ငူဒေသတွင် မြစ်ချောင်းအင်းအိုင်များ၌ ငါးများပေါများလာပြီဖြစ်ရာ ဈေးများတွင် ငါးများဈေးနှုန်းကျဆင်းလျက်ရှိနေပါသည်။

          ငါးမြစ်ချင်းတစ်ပိဿာလျှင် ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ဈေးနှုန်း ၁၅၀၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၃၀၀၀ကျပ် ကျဆင်းလာပါသည်။

          ငါးကြင်းဖြူဈေးနှုန်းမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။

           ငါးတန်ဈေးနှုန်းမှာ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၂၀၀၀ကျပ်ကျဆင်းလာပါသည်။

          ငါးခူမှာ အကောင်အသေး/အကြီးပေါ်မူတည်၍ ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ် မှ ၂၅၀၀၀ ကျပ်အထိရှိခဲ့ရာမှ ယခုအောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိကျဆင်းကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ငါးရောင်းချသူများထံမှသိရပါသည်။

DOCA(ပဲခူး)