ညောင်ဦးမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) သည် ညောင်ဦးမြို့နယ် မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် (၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသား စသည်တို့၏ အဓိပ္ပါယ်များကိုလည်းကောင်း၊ ခုအခါ အွန်လိုင်းစနစ်ဖြင့် ကုန်စည်/ဝန်ဆောင်မှုများရောင်းချသည့်လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာသည့်အတွက် မှန်ကန်သည့်ရောင်းဝယ်မှု၊ လုပ်ဆောင်မှုများရှိပြီး မမှန်မကန် လိမ်လည်လှည့်ဖျား၍ မဟုတ်မမှန်လုပ်ကိုင်ဆောင်ရွက်မှုများလည်းရှိသည့်အတွက် စားသုံးသူမိဘပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် အွန်လိုင်းရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင်သည့်ပုံစံများ၊ စိစစ်သင့်သည့်အချက်များ၊ သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ရွေးချယ်ဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ စသည့တို့ကိုလည်းကောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိလာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ ကျန်းမာရေးသည် တန်ဖိုးမဖြတ်နိုင်သည့် ဆုလာဘ်တစ်ပါးဖြစ်သည့်အတွက် လူတိုင်းကျန်းမာရေး၏ တန်ဖိုးကိုသိရှိနားလည်ပြီး၊ ကျန်းမာရေးကောင်းနေမှ အခြားကိုယ်လုပ်ချင်သည့် လုပ်ငန်းဆောင်တာများကိုလုပ်ဆောင်နိုင်မည်၊ သင်ယူလိုသည့်ပညာများကိုသင်ယူနိုင်မည်၊ စားသောက်ချင်သည့် အစားအစာများကို စားသောက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများမှာ ငယ်ရွယ်သူများဖြစ်သည့်အတွက် ယခုအရွယ်များမှစ၍    ကျန်းမာရေးအသိပညာများလိုက်စားမှု၊ ရရှိမှုများရှိရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းများတွင် သက်ဆိုင်ရာ ဌာနများအလိုက် ကျောင်းသား/ ကျောင်းသူကလေးသူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ဗဟုသုတများအား လိုက်လံဟောပြောမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများ မုန့်မျိုးစုံနှင့်ကုန်ပစ္စည်းများအား ဝယ်ယူစားသောက်သုံးစွဲသည့်အခါ လုံခြုံစိတ်ချရမှုရှိရန် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားပြီး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ကြရန် လိုအပ်ပါကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများက ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များအားမေးမြန်းရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ရာ  အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းရှိဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)