ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ အောက်တိုဘာလ(၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဆေးဝါးများ၏ ဈေးနှုန်းစာရင်းအား ကွင်းဆင်းကောက်ယူခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေး၊ ဆေးနှင့်အခြေခံစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ မေခလာဆေးဆိုင်၊ အေးမင်းစိုးဆေးဆိုင်၊ ဝင်းလဲ့ရီစိုးဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မကျီးကန်ရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်တို့၌ ဖြန့်ဖြူးရောင်းချလျက်ရှိသော အကိုက်အခဲပျောက်ဆေး၊ သန္ဓေတားဆေး၊ သွေးကျဆေး၊ သွေးကျဲဆေး၊ လေဆေး၊ အာရုံကြောဆေး၊ အားဆေးတို့အား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)