စာသင်ကျောင်းများတွင် အသိပညာပေးဟောပြောခြင်း

Powered by Drupal

          အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စက်တင်ဘာလအတွင်း အသိပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ် အ.လ.က(၁)၊ ကမာရွတ်မြို့နယ် အ.မ.က (၁)နှင့် မရမ်းကုန်းမြို့နယ် အ.ထ.က(၂) စာသင်ကျောင်းများတွင် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်များတွင် ဆိုးဆေးများပါဝင်မှုအန္တရာယ်များအကြောင်းနှင့် အစားအသောက်များဝယ်ယူစားသုံးရာတွင် ဘေးဥပါဒ်မဖြစ်စေရန် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိနှင့် သက်တမ်းကုန်ဆုံးမည့်ရက်များကို သေချာစွာကြည့်ရှု့၍ ဝယ်ယူစားသုံးတတ်စေရန် အသိပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ပြီး ၂၇-၉-၂၀၂၄ ရက်နေ့တွင် လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးတွင် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်းကို ‌ဈေးတာဝန်ခံရုံး၌ ဈေးသူ/ဈေးသားများအားဖိတ်ကြား၍ အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)