အောင်လံကုန်စည်ဒိုင်၏ အောက်တိုဘာလ(ပထမပတ်)အတွင်း ပဲမျိုးစုံသီးနှံဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ အောင်လံကုန်စည်ဒိုင်တွင်၂၀၂၄-ခုနှစ် အောက်တိုဘာလ (ပထမပတ်) အတွင်း ပဲမျိုးစုံသီးနှံများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

 ကုလားပဲ

     ယခုအချိန်တွင် အောင်လံကုန်စည်ဒိုင်အတွင်း (ကုလားပဲ-ဟော်လန်) နှင့် ကုလားပဲ(မြကြေး)ကို ဝယ်သိုကုန်သည်များမှ အရောင်းအဝယ်ပြုလျက်ရှိရာ အောက်တိုဘာ(ပထမပတ်)တွင် ကုလားပဲ (ဟော်လန်)() တင်းလျှင် ကျပ်(၁၀၀၅၀၀-၁၀၁၀၀၀)၊ ကုလားပဲ(မြကြေး) ()တင်းလျှင် ကျပ်(၁၀၇၀၀၀)ရှိခဲ့ပြီး ယခင်အောက်တိုဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း ကုလားပဲ(ဟော်လန်) တင်းရေ(၁၉၅၀)၊ တန်ချိန် (၆၃)တန်၊ ကုလားပဲ(မြကြေး) တင်းရေ (၁၃၅၀)တင်း၊ တန်ချိန်(၄၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရသည်။

    ကုလားပဲ(H-L) ၊ ကုလားပဲ(မြကြေး)၏ ဈေးနှုန်းဈေးကွက်အနေဖြင့် ဈေးနှုန်းပြောင်းလဲခြင်း မရှိသော်လည်း ယခုအောက်တိုဘာ(ပထမပတ်)တွင် စုစုပေါင်းတင်းရေ(၃၃၀၀)တင်း၊ တန်ချိန် (၁၀၇)တန် အရောင်းအဝယ်ရှိခဲ့၍ ယခင် စက်တင်ဘာ(စတုတ္ထပတ်)ထက် တင်း(၈၅၀)၊ တန်ချိန် (၂၇)တန် ပိုမိုမြင့်တက်လာကြောင်း သိရှိရပါသည်။

ပဲကြီး

   ပဲကြီးမှာ အောက်တိုဘာ(ပထမပတ်)တွင် ()တင်းလျှင် ကျပ်(၈၀၀၀၀ မှ ၈၈၀၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ရန်ကုန်မြို့သို့ လည်းကောင်း၊ အောင်လံမြို့နယ်အတွင်းရှိ ပဲကြော်/ပဲလှော်လုပ်ငန်းရှင်များထံသို့လည်းကောင်း ရောင်းချပြီး တစ်ပတ်အတွင်း တင်းရေ (၄၅၀)တင်း၊ တန်ချိန်(၁၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်းသိရသည်။

ပဲတီစိမ်း

    ပဲတီစိမ်းမှာ အောက်တိုဘာ(ပထမပတ်)တွင် သီးနှံအရည်အသွေးကိုလိုက်၍ ()တင်းလျှင် ကျပ်(၄၀၀၀၀ မှ ၆၀၀၀၀)ထိ ဈေးနှုန်းရှိခဲ့ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန်(၁၇)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

မြေပဲ

    မြေပဲ သီးနှံများမှာအသစ်များထွက်ရှိသည့် အချိန်ဖြစ်သည့်အတွက် အရောင်းအဝယ်နေ့စဉ် ဖြစ်လျက်ရှိနေပြီး မြေပဲလုံးဆံနီမှာ အောက်တိုဘာလ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၂၅၀၀မှ ၁၁၇၀၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)တွင် ()တင်းလျှင် ကျပ် (၁၁၇၀၀၀-မှ၁၂၁၅၀၀)ဖြစ်၍  ကျပ်(၄၅၀၀)ဈေးနိမ့်ခဲ့ပြီး တစ်ပတ်အတွင်း တင်းရေ (၁၅၀၀)၊ တန်ချိန်(၃၆.)တန် အရောင်း အဝယ်ရှိခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူမှာ အောက်တိုဘာ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ် (၁၁၂၅၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာ(စတုတ္ထပတ်)တွင် ကျပ် (၁၁၅၅၀၀ မှ ၁၂၃၀၀၀)ဖြစ်၍ ()တင်းလျှင် ကျပ်(၃၀၀၀မှ ၁၀၅၀၀)အထိ ဈေးနိမ့်ခဲ့ပြီး တစ်ပတ်အတွင်း တင်းရေ(၁၈၀၀)တင်း၊ တန်အနေဖြင့် (၄၄)တန် ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ အောက်တိုဘာလ (ပထမပတ်)တွင် ()တင်းလျှင် ကျပ် (၂၂၀၀၀ မှ ၂၃၀၀၀) ဖြစ်ပြီး ယခင်စက်တင်ဘာလ (စတုတ္ထပတ်)တွင် ကျပ်(၂၂၀၀၀ မှ၂၆၀၀၀)ဖြစ်၍ ()တင်းလျှင် ကျပ်(၃၀၀၀)ဈေးအနိမ့်ဖြင့် တစ်ပတ်အတွင်း တင်းရေ(၆၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)