ထားဝယ်မြို့၊ ဝက်သားစျေးနှုန်းများကျဆင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်းများမှာ (၂၆၀၀၀)ကျပ်မှ (၃၃၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

   ထားဝယ်မြို့၊ ဝက်သားစျေးနှုန်းမြင့်တက်လာခြင်းမှာ ဝက်စာစျေးနှုန်းများနှင့် မွေးမြူရေးကုန်ကျ စရိတ်များ မြင့်တက်လာခြင်းကြောင့် ဒေသတွင်း ဝက်မွေးမြူရေးလုပ်ကိုင်သူများ လျော့နည်းလာသဖြင့် ဒေသတွင်း ဝက်သားပြတ်လပ်မှု မရှိစေရေး မော်လမြိုင်မှတစ်ဆင့် ဝက်များသယ်ယူရပြီး သယ်ယူမှု ကုန်ကျစရိတ်များ ကြီးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့ ဝက်သားဒိုင်များမှ သိရှိရပါသည်။

     ယခု အောက်တိုဘာလ ပထမအပတ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၊ ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များ၏ ထိန်းကျောင်းညှိနှိုင်းပေးမှုများကြောင့် လက်ရှိထားဝယ်မြို့၏ ဝက်သားစျေးနှုန်းများမှာ (၂၈၀၀၀) ကျပ်အထိ ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)