တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုအတွင်းရှိ ဝဥ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ဝဥသည် သဘာဝအလေ့ကျပေါက်သောဝဥ နှင့် စိုက်ပျိုးသောဝဥ ဟူ၍(၂)မျိုးရှိသည်။ တောထဲတွင် အလေ့ကျပေါက်သော ဝဥများကို မိုးဦးကျရာသီတွင် တူးယူ၍ မိမိခြံအတွင်းစိုက်ပျိုးနိုင်ပြီး တစ်ကြိမ်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်တူးဖော်ရယူနိုင်မည်ဖြစ်သည်။

        တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ သည် မိမိတို့ခြံဝင်းများ၊ တောတောင်များတွင်  တနိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး ယခုအခါတွင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး တူးဖော်ထွက်ရှိလာသော ဝဥများကို  ပွဲရုံများ၊ အဝယ်ဒိုင်များမှတစ်ဆင့် ရေးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံစျေးကွက် များသို့ပါ တင်ပို့ရောင်းချလျက်ရှိပြီး ဒေသတွင်း ဝဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)