ဩဇာသီးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       ရာသီသီးနှံမျိုးစုံတစ်မျိုးထဲမှ ဩဇာသီးဈေးကွက်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဩဇာပင်သည်မြေအမျိုးအစားမရွေး မည်သည့်ဒေသမဆို စိုက်ပျိုးဖြစ်ထွန်နိုင်ပါသည်။ ဩဇာပင်သည် မိုးခေါင်သည့်ဒဏ်ကိုကောင်းစွာခံနိုင်သော်လည်း၊ ရေဝပ်သည့်ဒဏ်ကိုမခံနိုင်သည့်အတွက် ပြည်မြို့ဝန်းကျင်ကျေးရွာများနှင့် ကျောက်ပန်းတောင်မြို့နယ် ပုပ္ပါးကျေးရွာများတွင် စိုက်ပျိုးမှုအများဆုံး အောင်မြင်သည့်ဒေသဖြစ်လာခဲ့ပါသည်။ သီးနှံဒိုင်များမှ ရောင်းချရာတွင်  Size အမျိုးအစားအပေါ် မူတည်၍ ဈေးနှုန်းအမျိုးအစားခွဲ၍ (တာ)ဟုခေါ်သော ခြင်းများဖြင့် လက်လီလက်ကားရောင်းချကြပါသည်။

       ဈေးနှုန်းအနေဖြင့် အလုံး၇၀ပါ တစ်တာကို ၄၉၀၀ဝိ/-ကျပ်ဖြင့်လည်းကောင်း၊ အလုံး၁၀၀ပါ တစ်တာကို ၅၀၀၀ဝိ/-ကျပ်ဖြင့်လည်းကောင်း လက်ကားဈေးဖြင့်ရောင်းချပြီး၊ လက်လီဈေးအနေဖြင့် အရွယ်အစားပေါ်မူတည်၍ အလုံးကြီး၁လုံးကို ၁၀၀ဝိ/-ကျပ်မှ ၁၀လုံးကို ၈၅၀ဝိ/-ကျပ်ဖြင့်လည်းကောင်း၊ အလုံးသေး၁၀လုံးကို ၄၅၀ဝိ/-ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)