မကွေးမြို့၌ အရောင်းအဝယ်ဖြစ်နေသည့် ကုလားပဲသီးနှံ ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၉၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်  ငွေကျပ်(၉၇၀၀၀)၊ ကုလားပဲဝါသေး တစ်တင်း လျှင် ငွေကျပ်(၉၂၀၀၀) ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့လျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန်အဖြစ် တရုတ်၊ အိန္ဒိယ နိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

     စက်တင်ဘာလ(ပထမပတ်)နှင့် အောက်တိုဘာလ (ပထမပတ်) ကာလတူနှိုင်းယှဉ်ပါက အောက်တိုဘာလ (ပထမပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၁၀၀၀)၊ ကုလားပဲဝါ (HL) တစ်တင်းလျှင်  ငွေကျပ်(၂၅၀၀)၊ ကုလားပဲဝါသေး တစ်တင်းလျှင် ငွေကျပ်(၂၀၀၀) မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းသောကြောင့် ဈေးနှုန်မြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှ သိရသည်။

DOCA(မကွေး)