မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ မိုးမြေပဲများ လှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် မြေပဲ(နီ)တောင့် တစ်တင်းလျှင် ကျပ် (၂၅၀၀၀-၂၈၀၀၀)၊ မြေပဲ(ဖြူ)တောင့် တစ်တင်းလျှင် ကျပ်(၂၀၀၀၀-၂၅၀၀၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင် များနှင့် မြေပဲဆားလှော်လုပ်ငန်းများမှ ဝယ်ယူကြကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့ကြောင်း၊ အောက်တိုဘာလ (ပထမပတ်)တွင် မြေပဲ(နီ)တောင့် တစ်တင်းလျှင် ကျပ် (၃၀၀ဝ)ခန့် မြင့်တက်လာပြီး မြေပဲ(ဖြူ)တောင့်မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ မြေပဲ အရည်အသွေးကောင်းမွန်မှုကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။
DOCA(မကွေး)