မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေးတွင် ခရမ်းချဉ်သီးကို ဒေသတွင်းရှိ ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်း ကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေးအလိုက် ကျပ်(၂၈၀၀-၃၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင် စက်တင်ဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ကျပ်(၃၀၀-၅၀၀)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်းများမှာ စိုက်ပျိုးဆဲဖြစ်သည့်အပြင် သယ်ယူစရိတ်မြင့် မားခြင်းနှင့် မှာယူရောင်းချသည့်ဒေသများတွင် ခရမ်းချဉ်သီးများအထွက်နှုန်းများလျော့နည်းလာသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)