
တောင်ငူမြို့တွင် အာလူးဈေးနှုန်းမှာ ယခင်စက်တင်ဘာလ အစောပိုင်းခန့်တွင် တစ်ပိဿာလျှင် အသေး ၃၀၀၀ကျပ်၊ အလတ် ၃၅၀၀ကျပ်နှင့် အကြီး ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၅၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်နှင့် အကြီး ၅၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဈေးတက်လာပါသည်။
မြေပဲဆန်(အဖြူ/အနီ)ဈေးနှုန်းမှာ ယခင်စက်တင်ဘာလ အစောပိုင်းတွင် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၀၀၀ကျပ် ဈေးတက်လာပါသည်။
ကုလားပဲခြမ်းဈေးနှုန်းမှာ ယခင်စက်တင်ဘာလ အစောပိုင်းတွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များမှသိရှိရပါသည်။
DOCA(ပဲခူး)