ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှ ပုန်းရည်ကြီးလုပ်ငန်း

Powered by Drupal

        ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှ ပုန်းရည်ကြီးလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ကာ အပိုဝင်ငွေကိုရရှိစေပါသည်။ ပုန်းရည်ကြီးပြုလုပ်ရာတွင် ပဲပိစပ်ဖြင့်ပြုလုပ်၍ ပဲပိစပ်ကိုရေစိမ်ပြီး ပြုတ်ရပါသည်။ ပဲပိစပ်သည် အနူးနှေးသောကြောင့် အချိန် ၇နာရီခန့်ကြာအောင် ပြုတ်ပေးရပါသည်။

          ပြုတ်ပြီးသော ပဲပိစပ်များကို ဆုံတွင်ထောင်း၍ အရည်ခံပြီး စစ်ချရပါသည်။ ထို့နောက် စကာဖြင့်ထပ်မံစစ်၍ ညက်အောင်ပြုလုပ်၍ ရရှိလာသောပဲအနှစ်များကို ပိတ်စိမ်းပါးဖြင့် ထပ်မံစစ်ချကာ ထပ်မံကျိုရပါသည်။ ဖုန်၊ သဲများမဝင်စေရန် အထူးဂရုစိုက်ရပါသည်။

          စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ပုန်းရည်ကြီးတစ်ဆယ်ကျပ်သားလျှင် ၈၀၀ကျပ်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်ရောင်းချသကဲ့သို့ ကညွတ်ကွင်းဈေးနှင့် ဖြူးဈေးများသို့လည်းပို့ဆောင်၍ ရောင်းချပါသည်။ ပုန်းရည်ကြီး တစ်ကြိမ်ပြုလုပ်လျှင် ပဲပိစပ်နှစ်ပြည်ဖြင့် ပြုလုပ်ရပါသည်။ ပဲပိစပ်တစ်ပြည်လျှင် (၅၀၀၀)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ ထင်းဖိုးနှင့် ဖြူးမြို့သို့ပို့ဆောင်ခကုန်ကျစရိတ်တို့မှာ တစ်ပြည်လျှင် ၁၅၀၀၀ကျပ်အမြတ်ကျန်ကြောင်း ပုန်းရည်ကြီး ပြုလုပ်ရောင်းချသူထံမှသိရှိရပါသည်။

DOCA(ပဲခူး)