သဲကုန်းမြို့နယ်တွင် ဝါးယောင်းမှိုများဈေးကောင်းရရှိနေ

Powered by Drupal

        ဝါးရုံတော၊ ဝါးငုတ်ဆွေးများမှ မိုးရာသီတွင် သဘာဝပေါက်ရောက်လေ့ရှိသည့်  ဝါးယောင်းမှိုများကို နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ စားသုံးသူများက ကြိုက်နှစ်သက်စွာဝယ်ယူစားသုံးလျက်ရှိပါသည်။

        ဝါးယောင်းမှိုကို ကြော်ချက်၍ဖြစ်စေ၊ ကောက်ညှင်းဆန်ဖြင့်လည်း အချဉ်ထည့်၍ဖြစ်စေ၊ မှိုခြောက်လှန်း၍ဖြစ်စေ စားသုံးကြပါသည်။ ဝါးယောင်းမှိုပေါ်ဦးစတွင် တစ်ပိဿာလျှင် (လက်လီ) (၁၀၀၀၀)ကျပ်၊ (လက်ကား) (၉၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရာမှ စက်တင်ဘာလ နောက်ဆုံးပတ်တွင်  (လက်လီ)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (လက်ကား) (၁၀၀၀၀) ကျပ်၊ ဝါးယောင်းမှိုချဉ်တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဝါးယောင်းမှိုရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)