ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ လက်ပံတန်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာမှုရှိ/မရှိစစ်ဆေးခဲ့ရာ ဓာတ်မြေဩဇာဈေးနှုန်းများအား သတ်မှတ်ချက်အတိုင်း ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။

DOCA(ပဲခူး)