ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်းဈေးကွက်၌သုံးစွဲရန် တစ်တိုင်းလုံး မြေပဲစိုက်ဧက (၈၅၃၉၄) ဧကစိုက်ပျိုးလျက်ရှိပြီး မြန်အောင်မြို့နယ်သည် မြေပဲအဓိကစိုက်ပျိုးရာမြို့နယ်တစ်ခုဖြစ်၍ နှစ်စဉ် စိုက်ဧက (၄၉၆၁၅) ဧက စိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာသောမြေပဲကို မြန်မာ့ရိုးရာမုန့်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည့်အပြင် မြေပဲကိုကြိတ်ခွဲ၍ မြေပဲဆီအဖြစ်လည်းရောင်းချလျက်ရှိရာ မြေပဲမှာ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ဈေးကွက်မှသိရသည်။
မြန်အောင်မြို့နယ်အတွင်း မြေပဲဈေးနှုန်းမှာ အရည်အသွေးပေါ်မူတည်၍ ယခင်နှစ်တွင် ၁ပိဿာလျှင် အနိမ့်ဈေး၊ အမြင့်ဈေး ကျပ် ၅၀၀၀/၇၀၀၀ ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်မြေပဲဈေးနှုန်းမှာ ၁ပိဿာလျှင် အနိမ့်ဈေး၊ အမြင့်ဈေး ကျပ် ၇၀၀၀/ ၇၅၀၀ ဈေးရရှိသည့်အတွက် ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲဈေးနှုန်းမှာ ၁ပိဿာလျှင် ကျပ် ၂၀၀၀/၅၀၀ ဈေးနှုန်းပိုမိုရရှိကြောင်း မြေပဲဈေးကွက်မှသိရှိရပါသည်။
DOCA(ဧရာဝတီ)