သဘာဝဘေးဝဲဂယက်နှင့် ရှမ်းတောင်ကုန်စိမ်းသီးနှံဈေးကွက်

Powered by Drupal

     ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ မြန်မာနိုင်ငံသဘာဝရေဘေးဒဏ်ကြောင့် နိုင်ငံတဝှမ်းလမ်းပန်း ဆက်သွယ်မှု့ပြတ်တောက်ခြင်း၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခြင်း၊လုပ်ကိုင်အကျိုးစီးပွားထိခိုက်နစ်နာမှုများတွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတော်များများခံစားခဲ့ရပြီး အင်းလေးဒေသဆိုလျှင် ယခုတိုင်ဘေးဒုက္ခခံစားနေရတုံးပင်ဖြစ်ပါသည်။

     အင်းလေးဒေသသည် အရည်အသွေးကောင်းသော ခရမ်းချဉ်(အင်းသီး)ကို အမြောက်အများ ထုတ်လုပ်ရာဒေသဖြစ်ပါသည်။ ယခုအခါရေလွှမ်းဒဏ်ကြောင့် ခရမ်းချဉ်စိုက်ခင်းများနှင့် အင်းလေး ကန်စပ်တလျောက်ကျေးရွာများမှအခြား သီးနှံစိုက်ခင်းများလည်းပျက်စီးဆုံးရှုံးခဲ့ရာ ကုန်စိမ်းသီးနှံဈေးကွက် လိုအပ်ချက်ဖြစ်လာနိုင်ကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

    ညောင်ရွှေ၊ရွှေညောင်၊အင်းလေးနှင့်ကလောမြို့နယ်တဝိုက်စိုက်ခင်းများပျက်စီးခဲ့သဖြင့် ကာလ အတန်ကြာဈေးပြန်ကျဦးမည်မဟုတ်ပေ၊ ခရမ်းချဉ်ယခင်လရှယ်သီး ၁၂၀၀ကျပ်မှယခု ၃၂၀၀ကျပ်၊ ရှယ်သီး ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ အသေး၈၀၀ကျပ်မှ ၂၀၀၀ကျပ်၊ မုန့်ညှင်းယခင်လ ၁၂၀၀ကျပ်မှ ယခု ၆၀၀၀ကျပ်၊ ဘိုစားပဲ ၂၅၀၀/၂၈၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ဥနီ ၂၃၀၀ကျပ်မှ ၃၈၀၀ကျပ်၊ ဖရုံသီး ၉၀၀ကျပ်မှ ၁၈၀၀ကျပ်၊ ခရမ်းသီး၂၂၀၀ကျပ်မှ ၂၉၀၀ကျပ်၊ ငြုပ်ပွ ၃၇၀၀ကျပ်မှ ယခု၁၂၀၀၀ကျပ် အထိမြင့်တက်ခဲ့သည်ဟု ကုန်စိမ်းဈေးကွက်မှ သိရှိရပါသည်။

   ကုန်စိမ်းသီးနှံဈေးနှုန်းဈေးကွက်ပြန်လည်တည်ငြိမ်ဖို့အတွက် သီးနှံကုန်ထုတ်လမ်းများ၊ နယ်ဈေးကွက်စီးဆင်းမှု့လမ်းကြောင်းများ ကောင်မွန်ခြင်းနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မှီရေးထွက်ကုန် များများဝင်ရောက်နိုင်မှသာ စားသုံးသူများနှင့် ရောင်းဝယ်ဖောက်ကားသူများ အဆင်ပြေချောမွေ့နိုင်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ရှမ်း)