ပန်းတနော်မြို့ရှိ ကွမ်းစိုက်ပျိုးမှုနှင့် ကွမ်းဈေးကွက်ဈေးနှုန်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကွမ်းဈေးကွက်ကောင်းမွန်နေ၍ ဒေသခံတောင်သူများက မြေအောက်ရေကိုအမှီပြုပြီး တစ်နိုင်တစ်ပိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှသိရသည်။ မိုးစိုက်သည် ကွမ်းပိုးကျလွယ်သည့်အတွက် ဆောင်းစိုက်ကိုသာ ဦးစားပေးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့်ကွမ်းအမျိုးအစားများမှာ ကွမ်းနုဝါနှင့် ကွမ်းရွက်စိမ်းနှစ်မျိုးရှိသည့်အနက် ကွမ်းနုဝါကို ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

           ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းမျိုး(ကွမ်းအညွန့်)များကို တစ်ညွန့်လျှင် လက်ကားဈေး ၁၈၀ကျပ်၊ ကွမ်းတိုင် ၁၈၀ကျပ်ဖြင့်ဝယ်ယူကာ ၁၀လံ ၁ကွက်ကို ၂၅၀၀ညွန့်စိုက်ပျိုးကြောင်း၊ မိုးခြံဆိုလျှင် တပေါင်း၊ တခူးလတွင် စတင်စိုက်ပျိုးပြီးကြကြောင်း၊ နွေခြံဆိုလျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်စိုက်ပြီး ၃လခွဲကြာလျှင် စတင်ခူးဆွတ်ရကြောင်း၊ ၁လကို ၂ခါခူးဆွတ်၍ (၁၅)ရက် ၁ခါခူး၍ အများဆုံး ၉လအထိခူးရကြောင်းနှင့်  အနည်းဆုံး ၆လအထိခူးရသည်။  တစ်ခါခူးလျှင် (၅၀)ပိဿာခန့်ထွက်ပြီး (၁၅)ရက်တစ်ခါ ရန်ကုန်သို့ ကွမ်းရွက်များတင်ပို့ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်၃၅သိန်းခန့်ကုန်ကျကြောင်း၊ ၁၅ရက် ၁ခါ ကွမ်းခူး၊ ဆေးဖြန်း၊ လုပ်သားခ ၁၅၀၀၀၀ကျပ်(သို့မဟုတ်) ၂၀၀၀၀၀ကျပ်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၅ ရက်ခြားတစ်ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ၅၀ပိဿာခန့်ထွက်ရှိရာ တစ်လလျှင် ပိဿာချိန်၁၀၀ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် လက်ကားဈေးတစ်ပိဿာလျှင် ငွေကျပ်၂၈၀၀၀ဖြင့် ရန်ကုန်မြို့ ကွမ်းဒိုင်များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)