ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်များအတွင်း၌ အခြေခံစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၇-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ချိုမီဇင် (ဒု-ဦးစီးမှူး) နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြို့အတွင်းရှိ ဆေးဆိုင်သို့သွားရောက်ကာ အပတ်စဉ်အလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းဆေးဆိုင်တာဝန်ခံများအား ဆေးပစ္စည်းများ ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ ဈေးကစားရန်အတွက်ရည်ရွယ်၍ ဆေးများသိုလှောင်ထားခြင်းမျိုးမပြုလုပ်ရန်၊  ဆေးဆိုင်များတွင်  စပ်ဆေးများကိုရောင်းချခြင်းမပြုရန်၊ ပိုးသတ်ဆေးများရောင်းချပါက စားသုံးသူတွင် ဆရာဝန်လတ်မှတ်ပါမှသာရောင်းချပေးရန်၊ သတ်မှတ်ချက်အတိုင်းလိုက်နာဆောင်ရွက်ရန်၊ ထိန်းချုပ်ကုန်စည်များကို ၁/၂၀၂၃ က စတင်ထုတ်ပြန်ခဲ့ပြီး ၃၁-၄-၂၀၂၅ ရက်နေ့တွင် ၁နှစ်ပြည့်မြောက်မည်ဖြစ်၍ FDA ဌာနမှ မေလ ၁ရက်နေ့တွင် စတင်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကို အသိပညာပေးခဲ့ပါသည်။ ယင်းဆေးဆိုင်များတွင်ရောင်းချသော ဆေးဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများကိုလုပ်ဆောင်နေသောကြောင့် ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)