“ ကော့မှူးမြို့နယ်၌ စားသုံးဆီဖြန့်ဖြူး ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ စားသုံးဆီဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ(၄)ရက်နေ့၊ ညနေ (၁၆း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

      အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူးဇော်ဖြိုးမြင့်က ကော့မှူးမြို့နယ်အနေဖြင့် တစ်မြို့နယ်လုံး လူဦးရေစုစုပေါင်း (၁၃၅၀၉၂)ဦး နေထိုင်လျက်ရှိပြီး စားသုံးဆီလူတစ်ဦး တစ်ရက်စာနှုန်းအား (၂.၂၅)ကျပ်သားဖြင့်တွက်ချက်၍ တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် စားသုံးဆီခွဲတမ်းများကို အီကိုဟာမိုနီနှင့် ဇဗ္ဗူကံထွန်းကုမ္ပဏီများမှ ပြည့်မီအောင်ခွဲတမ်းရရှိထားပြီးဖြစ်သလို ၎င်းကုမ္ဗဏီများမှ စားသုံးဆီကိုယ်စားလှယ်များဖြစ်သော ဦးသိန်းထွဠ်၊ ဒေါ်ခင်ပြုံးဝေ၊ ဦးဇော်လတ်စိုးတို့အနေဖြင့် မိမိတို့ရရှိထားသည့်ခွဲတမ်းများအား စားသုံးသူပြည်သူများလက်ဝယ်တိုက်ရိုက်ဖြန့်ဖြူးရောင်းချခြင်း စားသုံးဆီကိုယ်စားလှယ်များမှတဆင့် ကျေးရွာ/ ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချပေးနေသည့် တစ်ဆင့်ခံကိုယ်စားလှယ်များ စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုတစ်စု၏လူဦးရေနှင့်အညီ လူတစ်ဦးစားသုံးဆီ တစ်ရက်နှုန်း(၂.၂၅)ကျပ်သားဖြင့် တစ်ပတ်စာတွက်ချက်ပြီး စနစ်တကျဖြန့်ဖြူးရောင်းချပေးကြရန် မိမိတို့ဖြန့်ဖြူးရောင်းချပေးလိုသော အိမ်ထောင်စုစာရင်း၊ လူဦးရေ၊ စားသုံးဆီ ပိဿာစာရင်းတို့အားမှတ်တမ်းထားရှိရန်တစ်ပတ်စာစားသုံးဆီခွဲတမ်းများအား လက်ကျန်မထားဘဲ စားသုံးသူပြည်သူများ၏ သာရေး၊ နာရေး၊ အလှူတန်းများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထောက်ခံချက်ဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှခေတ္တ မြို့နယ်ရဲမှူး၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်စားသုံးဆီကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)