အောက်တိုဘာလ(ဒုတိယပတ်)တွင် ဈေးနှုန်းမြင့်တက်လာသော မွန်ပြည်နယ် ပဲမျိုးစုံ

Powered by Drupal

         ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)အတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၇၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၆၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၂၈၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၁၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၈၅၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၁၄၆၅၀၀၀၊ မြေပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၇၀၀၀၀  ဈေးနှုန်းဖြစ်ပေါ်နေသည်။

       ယခင် စက်တင်ဘာလအတွင်း ပဲမျိုးစုံများ၏ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၃၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၂၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၁၆၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၉၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၈၃၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၁၃၂၀၀၀၊ မြေပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၆၈၀၀၀  ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

        ထို့သို့ မော်လမြိုင်မြို့တွင် ယခင်(စက်တင်ဘာလ)က ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းနှင့် ယခုအောက်တိုဘာလ(ဒုတိယပတ်)၌  ဖြစ်ပေါ်လျက်ရှိသော ပဲဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလ၌ ပိုမိုဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)