အောက်တိုဘာလ ဒုတိယပတ်တွင် မော်လမြိုင်မြို့၌ အာလူးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

        ရှမ်းပြည်နယ်မှ မော်လမြိုင်မြို့သို့ ဝင်ရောက်မှုရှိသည့်အာလူးများသည် အပတ်စဉ်ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိသည်။ ယင်းမှ တစ်ဆင့်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြသည်။ ယခင်လက အားလူးဈေးနှုန်းသည် တစ်ပိဿာလျှင် ၆၀၀၀ကျပ် ဖြစ်ခဲ့ရာမှ ယခုလ အောက်တိုဘာလ၌ အာလူးဈေးနှုန်း တစ်ပိဿာလျှင်   ၈၀၀၀ ကျပ်ရှိရာ  ဈေးနှုန်း ၂၀၀၀ ကျပ် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ အာလူးဈေးမြင့်တက်ရခြင်းမှာ မော်လမြိုင်မြို့ ဈေးကွက်အတွင်းသို့ အာလူးဝင်ရောက်မှုနည်းပါး၍လည်းကောင်း၊  ရှမ်းပြည်နယ်မှ မော်လမြိုင်သို့ လမ်းခရီးအခက်အခဲဖြစ်၍ အာလူးတင်ပို့မော်တော်ယာဉ်ကား ဝင်ရောက်မှုနည်းပါးမှုကြောင့်လည်းကောင်း ဈေးနှုန်းမြှင့်တက်မှုဖြစ်ကြောင်း  အာလူးရောင်းချသူများမှ သိရှိရပါသည်။

DOCA(မွန်)