မော်လမြိုင်မြို့ အေးသာယာဈေး၌ ပန်းဈေးနှုန်းမြင့်တက်လာ

Powered by Drupal

        မော်လမြိုင်မြို့သို့  ရှမ်းပြည်နယ်မှ ဝင်ရောက်သည့်ပန်းများရှိသလို ဒေသထွက်ပန်းများလည်းထွက်ရှိသည်။ ယခုလ အောက်တိုဘာလတွင် ပန်းဈေးနှုန်းများမြင့်တက်လာသည်။ မော်လမြိုင်မြို့ အေးသာယာဈေးတွင် ရောင်းချလျက်ရှိသောပန်းအမျိုးမျိုးမှာ ဂန္ဓာမာပန်း အပွင့်သေး (အဖြူ၊ ခရမ်း၊ အဝါ)နှင့် ဂန္ဓာမာပန်းအပွင့်ကြီး ( အဖြူ/အဝါ)၊  ပန်းထိမ်ငိုပန်း၊ နှင်းဆီပန်း (အနီရောင်၊ အဖြူရောင်၊ ပန်းရောင်)၊ ကြယ်ပန်းနှင့် သပြေပန်းများရောင်းချလျက်ရှိသည်။

        ပန်းဈေးနှုန်းအခြေအနေသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)ဈေးနှုန်းများမှာ ဂန္ဓာမာပန်းဖြူ အပွင့်ကြီး (၁၀ပွင့်ပါ)တစ်စည်းလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်အတွင်း၊ ဂန္ဓာမာပန်း အပွင့်သေး (အဝါရောင်၊ခရမ်းရောင်၊ အဖြူရောင်) တစ်စည်းလျှင် ၃၅၀၀ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀ပင်ပါ) တစ်စည်းလျှင် ၄၀၀၀ ကျပ်၊ နှင်းဆီပန်း အရောင်စုံ (ပန်းရောင်၊ အဖြူရောင်၊ အနီရောင်) (၁)ပွင့်လျှင်  ၅၀၀ကျပ်၊  (၁၀ပွင့်ပါ)တစ်စည်းလျှင် ၄၅၀၀ကျပ်၊  ကြယ်ပန်း တစ်စည်းလျှင် ၃၀၀၀ ကျပ်၊ သပြေပန်း တစ်စည်း ၃၀၀ ကျပ်မှ ၅၀၀ထိ ရောင်းချလျက်ရှိသည်။

       ယခင်လ စက်တင်ဘာလ ပန်းဈေးနှုန်းများမှာ ဂန္ဓာမာပန်းဖြူ အပွင့်ကြီး (၁၀ပွင့်ပါ) တစ်စည်းလျှင် ၄၀၀၀ကျပ်၊ ဂန္ဓာမာပန်း အပွင့်သေး (အဝါရောင်၊ အဖြူရောင်) တစ်စည်းလျှင် ၃၀၀၀ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀ပင်ပါ) တစ်စည်းလျှင် ၃၅၀၀ကျပ်၊ နှင်းဆီပန်း အရောင်စုံ (ပန်းရောင်၊ အဖြူရောင်၊ အနီရောင်) (၁)ပွင့်လျှင်  ၃၀၀ကျပ်၊  (၁၀ဖွင့်ပါ )တစ်စည်းလျှင် ၂၅၀၀ကျပ်၊  ရေမွှေးပန်း တစ်စည်းလျှင် ၃၀၀၀ ကျပ်၊ သစ္စာပန်း တစ်စည်းလျှင် ၃၅၀၀ကျပ်၊ သပြေပန်း တစ်စည်း ၃၀၀ ကျပ်  ရောင်းချလျက်ရှိသည်။

     ဂန္ဓာမာပန်းဖြူ အပွင့်ကြီးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမှ ဝင်ရောက်သည့်ပန်းဖြစ်ပြီး လမ်းခရီးကွာဝေးခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်မှုတို့ကြောင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဂန္ဓာမာပန်း အပွင့်သေးမျိုးများမှာ ဒေသမျိုးများဖြစ်၍ သွင်းအားစုစရိတ်ကြီးမြင့်မှုကြောင့် ယခင်လနှင့်နှိုင်းယှဉ်ပါက  ယခုလ လဆန်းပိုင်းမှစ၍ ပန်းဈေးနှုန်းများမှာ ပျှမ်းမျှ ပန်းတစ်စည်း လျှင် ၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ခန့်အတွင်း  ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မွန်)