ပန်းတနော်မြို့တွင်စိုက်ပျိုးသော သင်ပင်စိုက်ပျိုးထွက်ရှိမှုအကျိုးအမြတ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီးအတွင်း   သင်ဖြူးဖျာထုတ်လုပ်သော မြို့များအနက် ပန်းတနော်မြို့နယ်မှာ လူဦးရေ၏ ၈ဝရာခိုင်နှုန်းခန့်က  သင်ဖျာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး  အသက်အရွယ်မရွေး သင်ဖျာလုပ်ငန်းအကြောင်းကို အနည်းနှင့်အများဆိုသလို သိရှိတတ်ကျွမ်းကြသူများဖြစ်သည်။ သင်ဖျာယက်လုပ်သလို သင်ပင်ကိုလည်းစိုက်ပျိုးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု  ၃၄ အုပ်စုတွင်  သင်ခြံစိုက်ပျိုးမှု  ၁၀၅၂၅ဧကရှိပြီး ပန်းတနော်ဒေသမှထွက်သည့်သင်မှ ကုန်ကြမ်းများကို ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ ကျုံပျော်၊ ဟင်္သာတ၊  ကျောင်းကုန်း  အစရှိသည့် အနီးအနားရှိ  မြို့နယ်များနှင့်  စစ်ကိုင်း၊  မန္တလေး စသောဒေသများကပါ ဝယ်ယူမှုများရှိသည့်အတွက် သင်ခြံစိုက်ပျိုးရေးသည်  ၎င်းမြို့နယ်၏   အောင်မြင်သောလုပ်ငန်းတစ်ခုဟုဆိုနိုင်သည်။

         သင်ပင်စိုက်ပျိုးမှုအနေဖြင့် သင်၁ပင်လျှင် ၁၅၀ကျပ်ဖြင့်ဝယ်ယူရပြီး ၁ဧကလျှင် အပင် ၅၀၀၀ပင်စိုက်ပျိုးရကြောင်း၊ နှစ်တစ်နှစ်၏ မိုးဦးကျမှာ စတင်စိုက်ပျိုးပြီး  ၅နှစ်အကြာတွင် ၁ခါခုတ်ရကြောင်း၊ ၁ဧကလျှင် သင်စိုက်ဧကကုန်ကျစရိတ် ၁သိန်းခန့်ကုန်ကျပြီး၊ ပေါင်းရှင်းရေတင်ခမှာ ၁နှစ်လျှင် ၃သိန်းရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ် ၁၅သိန်းကုန်ကျကြောင်းသိရသည်။ စစိုက်ပျိုးခါစနှစ်တွင် ရောင်းချသောသင်ဈေးနှုန်းအနေဖြင့် ၁ကွက်ကို ၂သိန်းကျပ်ရရှိပြီး၊ ၁ဧကလျှင် ၂၄သိန်းရရှိကြောင်း၊ နောက်ပိုင်းတွင် ၃နှစ်တစ်ခါခုတ်နိုင်ကြောင်း၊ သင်ရောင်းချမှုအနေဖြင့် ဟင်္သတ၊ ကျိုတ်လတ်၊ တံတားဦး၊ အင်းဝဘက်သို့ တင်ပိုပေးရကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)