![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၉_7.jpg?itok=DdqNncNU)
(၈.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုံးချုပ်မှဦးဆောင်ကျင်းပသော “ဆီထွက်သီးနှံများ စွမ်းအားပြည့်ကြိတ်ခွဲနိုင်မှု အခြေအနေလုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆီစက်လုပ်ငန်းရှင်များသည် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (Zoom)ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆီထွက်သီးနှံ စိုက်ပျိုးထွက်ရှိမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မျိုးနွယ်အေးက ဆီထွက်သီးနှံတင်ပို့မှုနှင့် စားအုန်းဆီတင်သွင်းမှု အခြေအနေများအား ဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် ဒုတိယဥက္ကဌတို့က ဆီစက်လုပ်ငန်းရှင်များကြုံတွေ့ရသည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စားဆီဖူလုံရေး၊ စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
DOCA(မွန်)