![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/93_0.png?itok=INLVcQWA)
စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအခွင့်အရေးအပြည့်အဝရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ အခြေခံအထက်တန်းကျောင်းများ၌ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်လျက်ရှိရာ (၇-၁၀-၂၀၂၄)ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် ဓနုဖြူမြို့၊ သပြု(အ.ထ.က)ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၂၂၁)ဦးနှင့် ဆရာ/ဆရာမ ၈ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့၏အခွင့်အရေးကိုအပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်ရန်အတွက် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ MPT၊ Ooredoo၊ Telenor၊ Mytel ဆင်းကဒ်များဖြင့်လည်းကောင်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းနိုင်ပါကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုဖြစ်လာပါက တိုင်းကြား၍ရရှိကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ကျောင်းသား/ ကျောင်းသူများထံသို့ ပေးအပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၁၂၂၁) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)