ဘီးလင်းမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ  ဝန်ထမ်းများသည် (၇.၁၀.၂၀၂၄) ရက်နေ့တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဆရာစံရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

        ထိုသို့ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများ  ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားမဝင်ဆေးဝါးများ ရောင်းချမှုမပြုစေရေးအတွက် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA(မွန်)