မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အ.မ.က - ၁၅၉ ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို အောက်တိုဘာလ ၈ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အ.မ.က.- ၁၅၉ ကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း ( ၁၆၀ ) ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

        အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံက သင်တန်းသူ/ သင်တန်းသားများ အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများကိုပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများ အပေါ် ဌာန၏ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းအကြောင်းများကို သိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသည့်ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)