ချောင်းဆုံမြို့နယ်တာဝန်ခံမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      ၇.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား တစ်နေ့ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောထုတ်လုပ်မှုအခြေအနေများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က တစ်ရက်လျှင်သဘာဝမြေဩဇာ အိတ် ၅၀ ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် ၂၀၀၀၀ ကျပ်၊ ကုန်ကြမ်းကို ချောင်းဆုံမြို့နယ်နှင့် ပေါင်မြို့နယ်တွင်ဝယ်ယူပြီး ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တို့တွင်ရောင်းချကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သား (၇) ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)