ကျွန်းလှမြို့ “မိဘရိပ်” မြေပဲဆီသန့်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံးဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ မိဘရိပ်မြေပဲဆီသန့်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာအကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၅)၊ ပုဒ်မ(၂၈) အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် မိဘရိပ်မြေပဲဆီသန့်ရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အလို့ငှာ မိမိတို့စာသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိဘရိပ် မြေပဲဆီသန့်ရောင်းဝယ်ရေးလုပ်ငန်းရှင်မှ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးစစ်မှန်ပြည့်ဝသော မြေပဲဆီစစ်စစ်များကိုရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားလျှောက်ထားဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကိုပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆက်လက်ပြီး မိဘရိပ်မြေပဲဆီသန့်ထုတ်လုပ်ရောင်းချနေသောလုပ်ငန်းရှင်သို့ မြေပဲဆီသန့်ဘူးများကို  မိမိတို့ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်နှိပ်၍ မြို့များသို့ပို့ဆောင်ရောင်းချရန်အတွက် ကုန်အညွှန်းအမှတ်အသားလျှောက်ထားဆောင်ရွက်သည်မှာ အဆင်ပြေကောင်းမွန်ပါကြောင်း၊ မိမိတို့ရောင်းချသော မြေပဲဆီသန့်ဘူးများကို အာမခံချက်အပြည့် ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်ရောင်းချရန် အဆင်ပြေကြောင်းကိုပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားဆောင်ရွက်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

        ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များသို့ Online စနစ်ဖြင့်ရောင်းချနေခြင်းရှိပါက Online မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင်ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင်အသက်ဝင်လာပြီး မှတ်ပုံတင်မရှိဘဲ Online Sales ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်ရာ၌ ပူးတွဲတင်ပြရမည့်အချက်များအကြောင်းနှင့် မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားအသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)