ပြည်ခရိုင်မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

       ပြည်ခရိုင်၊ ပြည်မြို့နယ်၌ ယခင်နှစ် ၂၀၂၃ခုနှစ်တွင် (၇၄၆၄၂)ဧက၊ ပေါက်ခေါင်းတွင် (၄၆၇၅၇)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၄၆၉၃၅) ဧက၊ ရွှေတောင်မြို့နယ်တွင် (၅၈၁၆၃) ဧကစိုက်ပျိုးပြီး စုစုပေါင်း (၂၂၆၄၉၇)ဧကရှိကာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၈၃.၉၄) တင်းခန့်ထွက်ရှိပါသည်။ ယခင်နှစ်မိုးစပါးပေါ်စအချိန်ဈေးနှုန်းမှာ ၄၆ပေါင်ပါ တင်း(၁၀၀)လျှင် (၁၅၀၀၀၀၀) ကျပ်ဈေးရှိပြီး ယခုနှစ် မိုးစပါးအသစ်ပေါ်စအချိန် ဈေးနှုန်းမှာ ပေါင်(၅၀)လျှင် (၁၆၅၀၀၀၀)ကျပ်ဈေးဖြင့်အရောင်းအဝယ်ရှိပါသည်။ ယခု၂၀၂၄ခုနှစ်တွင်လည်း ပြည်မြို့နယ်တွင် (၇၄၆၄၂)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၄၆၇၅၇)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၄၆၉၃၅)ဧက၊ ရွှေတောင်မြို့နယ်တွင် (၅၈၁၆၃)ဧက စိုက်ပျိုးထားရှိပါသည်။ စုစုပေါင်းစိုက်ဧကမှာ (၂၂၆၄၉၇)ဧကရှိပါသည်။ မြို့နယ်များတွင်  ရိတ်သိမ်းပြီးစီးခြင်းမရှိသေးဘဲ တချို့သောဒေသများတွင်သာ အနည်းငယ်ရိတ်သိမ်းပြီးခြင်းရှိသည့်အတွက် စပါးအ‌ရောင်းအဝယ်အနည်းငယ်သာ ရှိနေပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)