ဈေးနှုန်းတည်ငြိမ်မှုနှင့် အရောင်းအဝယ်ဖြစ်နေသော ပြည်ချင်း

Powered by Drupal

          ယခုအပတ်အတွင်း အောင်ပန်းချင်းများ ပြည်ဈေးကွက်သို့ ပိဿာ(၃)ပိဿာဝင်အိတ် (၁၅၀)အိတ်ခန့်ရှိပြီး ယခင်အပတ်ထက် အိတ်(၅၀)ခန့်ပိုမိုဝင်ရောက်လာပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ချင်းတစ်ပိဿာလျှင် ပွဲရုံဈေး (၇၀၀၀-၈၀၀၀)ကျပ်နှင့် လက်လီဈေးမှာ တစ်ပိဿာလျှင် (၉၀၀၀-၁၀၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခု ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ချင်းပွဲရုံဈေးမှာ (၄၀၀၀-၄၅၀၀)ကျပ်နှင့် လက်လီဈေးအနေဖြင့် ချင်းတစ် ပိဿာလျှင် (၆၀၀၀-၇၀၀၀)ကျပ်ရှိပြီး ချင်းဓားလှီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဈေးဖြင့် ချင်းဓားလှီးသမားများက လက်လီ/ လက်ကားရောင်းဝယ်သူများနှင့် ခရိုင်အတွင်းရှိမြို့နယ်များသို့ တင်ပို့မှုအပါအဝင် ပွဲရုံများ၌ ပိဿာ(၅၀၀)ခန့်အရောင်းအဝယ်ဖြစ်ကြပြီး ယခင်ကာလများထက် အ‌ရောင်းပါးလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)