ရာသီပေါ်ဈေးကောင်းရနေသောပိန်းဥ

Powered by Drupal

        ပိန်းဥကို ဇွန်လအစောပိုင်းတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလ နောက်ဆုံးပတ်မှ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ရောင်းချကြပါသည်။ ပိန်းဥမှာ အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ပိန်းဥကိုသပ်သပ်လွတ်ဟင်းလျာအဖြစ်လည်းကောင်း၊ သားရေစာအဖြစ်လည်း ကောင်းစားသုံးကြပါသည်။ ပြည်မြို့ရှိဈေးကွက်အတွင်းတွင် ယခုရောင်းချနေသောပိန်းဥများမှာ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသောပိန်းဥများဖြစ်ပါသည်။ ဒေသထွက်ပိန်းဥမျိုးမှာ ဈေးကွက်ပေါ်ရောင်းချခြင်းမရှိသေးဘဲ ရှမ်းပြည်ဒေသမှဝင်ရောက်လာသော ပိန်းဥဈေးများမှာ ယခင်နှစ်တွင် (၁)ပိဿာလျှင် (၂၅၀၀)ကျပ်ဖြစ်ခဲ့သော်လည်း ယခုနှစ်ရှမ်းပြည်‌ဒေသထွက် ပိန်းဥဈေးနှုန်းမှာ (၃၀၀၀-၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)