ဗာဒံစေ့ (သို့မဟုတ်) ဗန်ဒါစေ့စျေးနှုန်းဈေးကွက်

Powered by Drupal

         မြန်မာနိုင်ငံတွင် ဗာဒံပင်များ အလေ့ကျအများအပြားပေါက်ရောက်လျက်ရှိကြပါသည်။ ဗာဒံပင်ကို အရိပ်ရပင်မျိူးအဖြစ် အိမ်များတွင် အများဆုံးစိုက်ပျိုးကြပြီး ဗာဒံပင်၏ အသီးထဲမှအဆံကို လူတိုင်းစားသုံးရကောင်းမှန်းမသိကြပါ။ ထို့ကြောင့် "သိသူဖော်စား မသိသူကျော်သွား" ဆိုသည့်အတိုင်း မသိသူများမရှိအောင် ကျန်းမာရေးအတွက် အရေးပါကြောင်း အများသိရှိအောင် ရေးသားလိုက်ရပါသည်။

        ဗာဒံစေ့ကို ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံ‌တော်မြောက်စောင်းတန်းလမ်းနှင့် စစ်ကဲလမ်းထောင့်တွင် ဗာဒံသီးများကိုအခြောက်ခံထု၍ အဆံများကိုရောင်းချလျက်ရှိကြောင်းတွေ့ရပါသည်။ ဗာဒံသီးအဆံများကို နို့ဆီဘူးတစ်ဘူးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချခြင်းများရှိပြီး (၁၀၀၀)ကျပ်၊ (၅၀၀)ကျပ်ဖိုးအထိလည်းရောင်းချကြပါသည်။ ဒေသတွင်းစားသူများကလည်း ဝယ်ယူစားသုံးကြသည့်အပြင် နယ်ဘက်မှ လာသောသူများကလည်း ဝယ်ယူသွားကြသည့်အတွက် နေ့စဉ်နေ့တိုင်း ဗာဒံစေ့များအ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ‌ဗာဒံဆီကို ဆံပင်ကျွတ်သူများအနေဖြင့်လည်းလိမ်းနိုင်ပါသည်။

        ဗာဒံစေ့ ဝယ်/ ရောင်းဒိုင်များကို ရန်ကုန်၊ ပြည်၊ မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနားမြို့များတွင် ဖွင့်လှစ်ထားကြောင်းသိရပါသည်။ ဈေးနှုန်းများမှာ ဗာဒံစေ့(အဆန်) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့်ရောင်းချပြီး တစ်ပိဿာလျှင် ဗာဒံစေ့ (အဆန်) (၃)ထောင်နီးပါးပါဝင်သည်ဟုသိရပါသည်။ လက်ကားဝယ်ယူသူများအတွက် ပိဿာချိန် (၃၀)အထက်ဆိုလျှင် တစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အချိန်(၅၀)အထက်ဆိုလျှင် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဈေးဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)