![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/120.png?itok=jaNfA_i4)
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၉-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဆိုင်အမှတ် (ရုံ(က)၂၁၂/၂၁၃/၂၁၄))သာကေတ(၁၀)ဈေး၊ သာကေတမြို့နယ်ရှိ ဝါဝင့်ကြည်ဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်မေသဇင်ဦးနှင့်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာ၌ ဆေးဆိုင်ရှိဆေးများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် စပ်ဆေးများမရောင်းချရန်တို့ကို အသိပညာပေးစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)