ဓနုဖြူမြို့နယ်ထွက် မာဃ ပဲမုန့် လုပ်ငန်း ဈေးနှုန်း ဈေးကွက်

Powered by Drupal

    ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် မာဃပဲမုန့်လုပ်ငန်းကို အမှတ် ၇ရပ်ကွက် ၊ ရတနာသီရိလမ်းတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော  တပိုင်တနိုင် ပဲမုန့်လုပ်ငန်းတစ်ခုဖြစ်သည်။

      မာဃပဲမုန့်လုပ်ငန်းကို ၂၀၁၈ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ပဲမုန့် ထုတ်လုပ်ရာတွင် ပါဝင်ကုန်ကြမ်းများမှာ ဆီ၊ ဂျုံ၊ ပဲ၊ သကြား၊ ကပ်စေးနဲ၊ ဘဲဥတို့ ပါဝင်ထုတ်လုပ်ပြီး ဂျုံကို နယ်၍ ပဲအနှစ်ထည့်ကာ ပုံစံခွက်နှင့် ထည့်၍ ပြုလုပ်ကာ ဘဲဥ သုတ်လိမ်းပြီး ဗန်းထဲထည့်ကာ မုန့်ပေါင်းခံစက်ဖြင့် မုန့်ကို ပေါင်း၍ အခြောက်ခံပြီး ပလတ်စတစ်အိတ်ဖြင့် တစ်ခုခြင်းထုတ်ကာ ၁၀ခုပါ မုန့်ဗူးကြီး တစ်ဗူးထုတ်၍ ရောင်းတန်းဝင်ထုတ်လုပ်ကြောင်း၊ လုပ်ငန်းအတွက် ရင်နှီးမတည်ငွေ ၃၅သိန်း ဖြင့် စတင်ရင်းနှီးလုပ်ကိုင်ခဲ့ပြီး လုပ်သား၄ဦး မိသားစုတို့ပါ လုပ်ကိုင် ကြပြီး၊ တစ်နှစ်ကို ဗူးရေ ၇သောင်းခန့် ထုတ်လုပ်နိုင်ကြောင်း၊ မာဃပဲမုန့် တစ်ဗူးကို   ၄၀၀၀/-ဖြင့် ရောင်းချ ကြောင်း သိရသည်။ တင်ပို့ရောင်းချမှုအနေဖြင့် ဇလွန်၊ ဟင်္သတ၊ ကျော်၊ ကျုံမငေး၊ ရန်ကုန်-ပုသိမ်ကားလမ်းအကြီးဘေးရှိ ကောင်းမုန့်ဆိုင်တွင်လဲ ရောင်းချကြောင်း၊ မာဃပဲမုန့် လုပ်ငန်းသည် အသေးစား စက်မှုလုပ်ငန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိအမှတ်ပြု ထောက်ခံချက် လက်မှတ်ရရှိထားကြောင်း မာဃပဲမုန့်လုပ်ငန်းရှင်ကို အခြားဒေသနှင့် တိုင်း/ပြည်နယ်များသို့ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားရန် ဈေးကွက်ရှာဖွေလျက်ရှိကြောင်းကို မထက်ထက်ဝင်းမှ ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)